Search This Blog

Sunday, February 22, 2015

MacRitchie Reservoir

MacRitchie reservoir park က Lornie Rd နဲ့ Upper Thomson Rd ဆုံတဲ့ ထောင့်နားမှာ Mount Alvernia Hospital နဲ့ မျက်နှာချင်းဆိုင် လောက်မှာ ရှိပါတယ်။ အိမ်နဲ့လည်း ဘပ်စ်ကား သုံးမှတ်တိုင် လောက်ပဲ ဝေးတာမို့ တရက်က အဲဒီမှာ sunset ဓာတ်ပုံတချို့ သွားရိုက်ဖြစ်ပါတယ်။ ကင်မရာ အသစ်ဝယ်ဖြစ်တာနဲ့ သွားစမ်းရိုက်ကြည့်တာပါ။ အဲဒီ MacRitchie Reservoir Park ကနေ HSBC treetop walk ထိ လမ်းလျှောက်သွားလို့ရတဲ့ hiking route လည်းရှိပါတယ်။ ကျွန်တော်ကတော့ ပန်းခြံ နားမှာပဲရိုက်တာပါ။


Sunset at MacRitchie Reservoir


ဒီအပေါ်ပုံက ဝင်ပေါက်ဖက်က ကန်ပေါင်ထိပ်နားမှာ ရှိတဲ့ ရေပေါ်က တဲလေးနားမှာရိုက်ထားတာပါ။ ကင်မရာက Nikon D750 နဲ့ Lens က Nikon 24-120mm f/4 VR သုံးခဲ့ပြီး ISO 800, F-stop f/11, exposure time 2.5 sec ထားပြီးရိုက်ထားတာပါ။

ကန်ပေါင်တဖက်မှာ ရှိတဲ့ လှေဆိပ် ကနေ မြင်ရတဲ့ ရှုခင်း


ဒီပုံကလည်း Nikon 24-120mm f/4 VR Lens နဲ့ရိုက်ခဲ့ပြီး ISO 100, F-stop f/22, exposure time 1/4 sec နဲ့ Cokin P. 121 s Gradual Grey G2 Soft (ND8) filter ကိုသုံးခဲ့ပါတယ်။

ကန်ပေါင်ပေါ်က လှမ်းမြင်ရတဲ့ ပန်းခြံတနေရာ


အဲဒီကို သွားတုန်းကတော့ ကျွန်တော့်လိုပဲ ကင်မရာ ဝယ်ထားတာ မကြာသေးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အတူ Reservoir တခုခုမှာ sunset ရိုက်ကြမယ် ဆိုပြီး သွားကြဖို့ပါ။ တနင်္ဂနွေ ဆို Toa Payoh ဘုန်းကြီးကျောင်းမှာ ဆုံဖြစ်ကြတာမို့ အဲဒီကနေ အတူသွားကြဖို့ စီစဉ်ထားတာ။ ဒါပေမယ့် သမီးကြီး ရဲ့ မြန်မာစာ အတန်းက ၆ နာရီခွဲမှ ဆင်းမှာမို့ သူတို့ကို အရင် သွားခိုင်းလိုက်ပြီး ကျွန်တော်တို့က နောက်မှ လိုက်သွား ခဲ့ပါတယ်။ နားလည်မှု လွဲသွားတာက သူတို့က Lower Peirce reservoir ကို သွားတာဖြစ်ပြီး၊ ကျွန်တော်တို့က MacRitchie reservoir ကို လိုက်သွားမိတာပါ။ ဒါနဲ့ နောက်တပါတ်မှ Lower Peirce Reservoir ကို တခေါက် ထပ်သွားဖြစ်ပါတယ်။

Sunset at Lower Peirce Reservoir


ဒီပုံကတော့ Tokina 16-28mm f/2.8 FX lens နဲ့ ISO-100, f/16, 1/40 sec ထားပြီး bracketing ပုံ ၅ ပုံကို 1EV ခွာရိုက်ထားတာကို Photomatix နဲ့ ပြန် edit လုပ်ထားတာပါ။

No comments:

Post a Comment