Search This Blog

Saturday, June 29, 2013

GNU Octave as an Alternative to MatLab

GNU OctaveFreeMat နဲ့ Scilab တို့က MATLAB လိုမျိုး တွက်ချက်မှုတွေ လုပ်ပေးနိုင်တဲ့ အလကားရတဲ့ free open source software တွေဖြစ်ပါတယ်။ လိုက်ရှာ ဖတ်ကြည့်တော့ GNU Octave က အကောင်းဆုံးလို့ ကြားတာနဲ့ သူ့ကို စက်ထဲမှာ ထည့်ပြီး စမ်းကြည့်တော့ တော်တော် သဘောကျ သွားပါတယ်။ GNU Octave ကို ဝင်းဒိုး ပေါ်မှာတင်ရတာ တော့ တော်တော်လွယ်ပါတယ်။ သူ့ရဲ့ Download page က ဖိုင်တွေကို ယူပြီး စက်ထဲမှာ folder တစ်ခု အနေနဲ့ ထုတ်ယူလိုက်ပါမယ်။ ပြီးရင် shortcut ဖိုင်ကို ကြိုက်တဲ့နေရာမှာ ထားပြီး သူ့ရဲ့ properties မှာ path နဲ့ icon ကို ပြင်ပေး လိုက်ရုံပါပဲ။ သူရဲ့ shortcut ကနေ Octave ကို ဖွင့်လိုက်ရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ကွန်မန်း ပေးလို့ရတဲ့ ဝင်းဒိုး ပွင့်လာပါမယ်။ အဲဒီမှာ MATLAB ကွန်မန်း တွေ တိုက်ရိုက် ရိုက်ထည့်ရင် လည်းရပါတယ်။


ရေးထားတဲ့ .m ဖိုင်ကို သုံးချင်ရင်လည်း ပုံမှာ ပြထားသလိုပဲ chdir နဲ့ ဖိုင်ရှိတဲ့ နေရာကို သွားပြီး၊ ဖိုင်နာမည်ကို semicolon နဲ့အဆုံးသတ်ပြီး ရိုက်ထည့်လိုက်ရင် ရပါတယ်။ Octave ကနေ ထွက်ချင်ရင်တော့ 'exit' ဒါမှမဟုတ် 'quit' နဲ့ ထွက်နိုင်ပါတယ်။
chdir('C:\Octave');
eg_mesh;
OS X ပေါ်မှာတော့ macports ကို သုံးပြီး "sudo port install octave +gcc48" ကွန်းမန်းနဲ့ octave တင်လို့ရပါတယ်။ Control package အစရှိတဲ့ package တွေကို ထည့်ချင်ရင် "pkg install -forge control" ဆိုပြီး octave command window မှာ ထည့်နိုင်ပါတယ်။ Ubuntu မှာ တော့ အောက်ပါအတိုင်း ထည့်နိုင်ပါတယ်။
sudo apt-add-repository ppa:octave/stable
sudo apt-get update
sudo apt-get install octave
FreeMat ကို လည်း စမ်းကြည့် လိုက်ပါတယ်။ User interface လေးကတော့ Octave ထက်ပိုကောင်း ပိုလွယ်ပုံပါပဲ။ ဒါပေမယ့် တချို့ MATLAB ကွန်မန်း တွေ ကတော့ မတူတာ ကိုတွေ့ရ ပါတယ်။

No comments:

Post a Comment