Search This Blog

Friday, December 16, 2011

Geometric Template Matching in LabVIEW

NI ရဲ့ IMAQ Vision Concepts Manual ထဲမှာ geometric template matching ကို အောက်ပါ အတိုင်း ဖော်ပြထားပါတယ်။ Geometric matching က ကင်မရာ က ဖမ်းယူ ရရှိတဲ့ ပုံမှာ ကိုယ်ရှာ ဖို့ သတ်မှတ်ထားတဲ့ အရာ ဘယ်နားမှာ ရှိနေလဲ ဆိုတာ ရှာပေး ပေး ပါတယ်။ Geometric matching က ဘယ်လို ပုံသဏ္ဍာန် ဆိုတာ သတ်မှတ်ထားတဲ့ အချက်အလက် ပေါ် မူတည်ပြီး ပုံစံပြား ကို ရှာပါတယ်။ Geometric matching ကို သုံးဖို့ အတွက် ရှာလိုတဲ့ ပစ္စည်း ကို ကိုယ်စား ပြုတဲ့ ပုံစံပြား တစ်ခုကို ဖန်တီးရ ပါတယ်။ စက်ရဲ့ အမြင်အနေနဲ့ အသုံးချ တဲ့ အခါ ပုံရိပ် တစ်ခု ချင်းစီမှာ ပုံစံပြား နဲ့ ကိုက်ညီမှု ရှိ တဲ့ နေရာတွေမှာ ဘယ်လောက်ထိ ကိုက်ညီမှု ရှိလဲ ဆိုတာ အမှတ်တွေ ပေးပါတယ်။ Geometric matching က အလင်းအမှောင် ပြောင်းလဲခြင်း၊ ပုံဝါးနေခြင်း၊ ပုံရိပ် မကြည်လင်ခြင်း၊ တဝက်တပြက် ဖုံးကွယ်နေခြင်း၊ အနေအထား နဲ့ အရွယ်အစား မတူခြင်း တွေ ရှိနေရင် တောင် ရှာ လိုတဲ့ ပုံစံပြား ရှိတဲ့ နေရာတွေ ကို ရှာပေးနိုင်ပါတယ်။ LabVIEW ထဲက IMAQ Find CoordSys (Pattern) 2 အစရှိတဲ့ VI တွေက ပုံစံပြား ကို ရှာဖို့ သုံးနိုင်ပါတယ်။ ပုံစံပြား ကို အောက်မှာ ဖော်ပြထားတဲ့ အဆင့်တွေ အတိုင်း ဖန်တီး နိုင်ပါတယ်။
Template Editor ကို Start -> All Programs -> National Instruments -> Vision -> Template Editor မှာဖွင့်ပါ။ File menu->New Template... ကိုနှိပ်ပါ။ Geometric Matching Template (Edge Based) ကိုရွေးပြီး ဖန်တီးမယ့် ပုံစံပြား ပါတဲ့ ပုံရိပ် ကို သတ်မှတ်ပေးပါ။ Select Template Region ဆိုတဲ့ tab မှာ ပုံစံပြား ဖန်တီးမယ့် နေရာကို သတ်မှတ်ပါ။ ဥပမာ အားဖြင့် (200,300) ကနေ (232,332) ထိ mouse ကို ဖိဆွဲ ပြီး သတ်မှတ်နိုင်ပါတယ်။ ပြီးနောက် မှတ်ထားတဲ့ နေရာကို ကိုယ်လိုချင်တဲ့ နေရာ ရောက်အောင် ပြန်ရွေ့နိုင်ပါတယ်။ Define curves ဆိုတဲ့ tab မှာ ပုံစံပြား ရဲ့ အနားသတ် ပုံစံနဲ့ ပတ်သက် တဲ့ အချက်တွေ ကို သတ်မှတ်ပါ။ ဥပမာ အားဖြင့် Extraction mode ကို normal၊ Edge Threshold ကို 32၊ Edge Filter size ကို Fine၊ Minimum Length ကို 5၊ Row Search Step Size ကို 1 နဲ့ Column Search Step size ကို 1 အစရှိသဖြင့် သတ်မှတ် နိုင်ပါတယ်။ Customize Scoring နဲ့ Specify Match Options tab တွေကိုတော့ နဂို အတိုင်း ထားနိုင်ပါတယ်။ File -> Save Template... ကိုနှိပ်ပြီး ပုံစံပြား ကို သိမ်းပါ။
နမူနာ အနေနဲ့ ဖန်တီးထားတဲ့ VI တွေကို

Geometric Template Matching on GitHub

မှာ ကြည့်နိုင်ပါတယ်။ VI အဝင် တွေ အတွက် သတ်မှတ်ခြင်း တွေကို အောက်မှာ ပြထားပါတယ်။

No comments:

Post a Comment