Search This Blog

Saturday, October 10, 2009

Multidrop network for RS232

တစ်ခါက project တစ်ခုမှာ master device တစ်ခုနဲ့ slave device ရှစ်ခု ဆက်သွယ်ပြီး communicate လုပ်ဖို့ လိုလာပါတယ်။ အစက RS485 half-duplex communication သုံးဖို့ ရည်ရွယ်ထား ပေမယ့် ဖြစ်ချင်တော့ ရောက်လာ ပြီးသား ပစ္စည်း အားလုံးက RS232 interface တွေပဲ ရှိကြတယ်။ RS232 communication က ပစ္စည်း တစ်ခု တစ်ခု ချင်းဆက်ဖို့ပါ။ တစ်ကယ်လို့ master device တစ်ခုက ပဲ ပို့ပြီး ကျန်တဲ့ slave တွေက နားပဲထောင် နေရင် ပြသနာ မရှိပေမယ့် slave တွေရဲ့ transmit line တွေက disable ဖြစ်အောင် ပိတ်ထားလို့ မရတဲ့ အတွက် master device ဆီကို ပြန်ပို့ဖို့ ဝါယာ လိုင်း တစ်ခုထဲကို တိုက်ရိုက် သွားဆက်လို့ မရပါဘူး။ သူ့တို့ရဲ့voltage အဝင်အထွက် တွေကို ကြည့်ပြီးတဲ့ အခါမှာတော့ အဲဒီ ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ကို စဉ်းစားမိ ပါတယ်။ slave တစ်ခုချင်း စီရဲ့ transmit line တွေမှာ diode တစ်ခုစီ ထည့်ပေးလိုက်ရင် RS485 half-duplex communication လိုပဲ ဆက်သွယ်လို့ ရမယ့် hardware connection တစ်ခုကို ရရှိနိုင်ပြီး အဲဒါကိုအောက်က ပုံမှာ ကြည့်နိုင်ပါတယ်။
Updated: 2017 Sep 02
မှတ်ချက် ရေးကြ၊ မေးကြ တဲ့ ပေါ်မူ တည်ပြီး နောက်ထပ် ဆက်လို့ ရတဲ့ ပုံစံ တွေထပ် ဖြည့်လိုက် ပါတယ်။ စိတ်ဝင်စား ကြတဲ့ အတွက် ကျေးဇူး တင် ပါတယ်။

RS232 network with multiple masters and multiple slaves



UART/TTL-Serial network with single master and multiple slaves

RS232 transceivers တွေ မသုံးပဲ UART ကအထွက် TTL level signal တွေကိုပဲ သုံးမယ် ဆိုရင်တော့ အောက် ကအတိုင်း ဆက်နိုင် ပါတယ်။



UART/TTL-Serial network with multiple masters and multiple slaves



No comments:

Post a Comment