ကျွန်တော့် removable hard disk ကို Windows ရော Linux စက်တွေမှာပါ သုံးချင်ပေမယ့် ပြဿနာက Linux မှာ NTFS ကသုံးလို့မရ၊ Windows XP မှာကျတော့ FAT32 နဲ့ format ချလို့မရပြန်။
"format x: /fs:fat32" command ကို Windows XP မှာ သုံးတော့ ကျွန်တော့် removable hard disk က 32 GB ထက်ပိုကြီးလို့ မရဘူးတဲ့။ အကြာကြီးစောင့် ပြီးမှ error message နဲ့ အဆုံးသတ်သွားတယ်။ Windows Vista မှာပါတဲ့ FAT32 နဲ့ format ချကြည့် တော့လည်း အဲဒါကြီးက Linux မှာအလုပ် မလုပ်ပြန်ဘူး။ နောက်ဆုံးတော့ fat32format.exe ဆိုတဲ့ freeware program သေးသေးလေးနဲ့ အလုပ်ဖြစ်သွားတယ်။ တော်တော်မြန်ပြီး သုံးရလွယ်တယ်။ Drive X ကို format ချ ဖို့ "fat32format X:" ဆိုတာလေး ရိုက်လိုက်ရုံပဲ။ FAT32 သုံးခြင်းအား ဖြင့် တစ်ခြား Mac, Linux, အစရှိတဲ့ operating systems တွေမှာပါ အဲဒီ disk ကို သုံးလို့ ရသွားပါတယ်။
No comments:
Post a Comment