LPC824 low cost 32-bit ARM Cortex-M0 microcontroller လေးကို
OM13071 LPCXpresso824-MAX Development board သုံးပြီး evaluate လုပ်လို့ရတဲ့ အတွေ့အကြုံလေးကို ပြောချင်ပါတယ်။
Board မှာ သုံးထားတဲ့ MCU အမျိုးအစားက LPC824M201JHI33 ပါ။ အရွယ်အစား က 5 x 5 x 0.85 mm ပဲရှိတဲ့ 33 pins ပါတဲ့ HVQFN package ပါ။
သူ့အတွက် MCUXpresso Integrated Development Environment (IDE) ကို download လုပ်ပြီး၊ install လုပ်ပါမယ်။
အခြား လိုအပ်တဲ့ tools တွေကိုလည်း ဒီမှာ တွေ့နိုင်ပါတယ်။ MCUXpresso ကိုဖွင့် ပြီး workspace သတ်မှတ်ပြီးတဲ့ အခါ ဘယ်ဘက်အောက်နားက Quick Start Paner ထဲက Import projects from file system ... ဆိုတာကိုနှိပ်ပြီး Browse LPC open resources ကိုနှိပ်ပြီး နမူနာ တွေကို ယူနိုင်ပါတယ်။
Tuesday, June 6, 2017
Wednesday, May 31, 2017
Programming serial port in C++ with wxWidgets for Windows and Linux
Seriar Port ကိုအသုံးပြုနိုင်တဲ့၊ ကျနော်ဖန်တီးထားတဲ့ C++ class library လေးတစ်ခု အကြောင်း ပြောချင်ပါတယ်။
သူက cross-platform ဖြစ်ပြီး Windows ရော၊ Linux မှာပါ သုံးနိုင်ပါတယ်။
နမူနာ အနေနဲ့ ရိုးရှင်းတဲ့ C++ console program လေးတစ်ခုကို ဖော်ပြထားပြီး၊ GUI application အနေနဲ့ wxWidgets ကိုသုံးထားတဲ့ program ကိုပါ ဖော်ပြထားပါတယ်။
သူတို့ရဲ့ source code တွေကို အောက်က လင့်ခ် မှာ တွေ့နိုင်ပါတယ်။
https://github.com/yan9a/serial
https://github.com/yan9a/serial
Saturday, April 8, 2017
ပျော်ရွှင်မှုဆိုတာ
အိုင်ဖုန်းအသစ်ရတာ ပျော်စရာ ကောင်းတာလား?
အဲလို စဉ်းစားမိ ပြန်တော့ ပျော်စရာ ဆိုတာ ဘာလဲ၊
ပျော်စရာကို ဘယ်လိုသတ်မှတ်လဲ ဆိုတာကို သေသေခြာခြာ ရှင်းရှင်းလင်းလင်း သိဖို့ လိုနေပြန်ရော။
ပျော်တယ်ဆိုတာကလည်း ကောင်းကောင်းမွန်မွန် နေရတာ ကို ပျော်နေတာဖြစ်နိုင်သလို၊
စိတ်ထဲတင် ဖြစ်ပျက်နေတဲ့ ခံစားမှု တစ်ခုလည်း ဖြစ်ချင် ဖြစ်နေမယ်လေ။
အဲ့နှစ်ခုက တစ်ထပ်ထဲ ကျချင်မှလည်းကျမယ်။
ကောင်းကောင်းမွန်မွန် နေနိုင်ပေမယ့် ရွှင်လန်းအားရမှု ရှိချင်မှ ရှိမှာ။
သာယာမှုပျော်ရွှင်နေတဲ့ ဘဝကလည်း ကောင်းမွန်မွန်နေနိုင်တာ ဟုတ်ချင်မှဟုတ်မယ် မဟုတ်လား။
ဒါဆို ဘယ်လိုအကြောင်းတွေ က ပျော်စေ တာလဲ။
အဲဒါကို ရှာကြည့်တဲ့ အခါ ပျော်ရတဲ့ အကြောင်းရင်းတွေက အနည်းဆုံး သုံးခုလောက်တော့ ရှိတယ်လို့ ဆိုကြတယ်။
* ဟိဒနဇင်(hedonism) ဆိုတဲ့ သာယာကြည်နူးဖွယ် တွေပြည့်နေတဲ့ အတွေ့အကြုံ၊
* ကိုယ့်ဘဝကိုယ် ရောင့်ရဲ ကျေနပ်တာနဲ့၊
* ဖွံဖြိုးရရှိမှုဆိုင်ရာ ကျေနပ်အားရတာမျိုး တွေတဲ့။
Hedonistic နည်းကတော့ သာယာဖွယ် ခံစားမှု တွေနဲ့ ပျော်စရာရှာတာ။
ဘီစီ ၄၀၀ လောက်က အာရစ္စတစ်ပတ် (Aristippus) ဆိုတဲ့ လူကြီးနဲ့ သူ့မြေးတို့ ပြောခဲ့ကြဖူးတဲ့ အယူအဆပေါ့။
"လသာတုန်းဗိုင်းငင်" ဆိုသလို ရနိုင်သမျှ သာယာမှု တွေကို ခံစားပျော်မွေ့ သင့်သတဲ့။
ဘောင်တချို့တော့ ရှိတယ်။
သိသာတဲ့ ထိခိုက်နာကျင်မှု ရလဒ်တွေရှိရင်တော့ ရှောင်သင့်တယ်။
သူတို့ ကိုယ်တိုင်လည်း လေထဲမှာပျံဝဲရတဲ့ စိတ်လှုပ်ရှားမှုကို ရချင်တာနဲ့ ဆယ်ထပ်တိုက်ပေါ်က ခုန်မချဘူးဆိုပဲ။
ရုပ်ပိုင်းခံစားမှုတွေကို စိတ်ပိုင်းထက် ဦးစားပေးတဲ့ သဘောတော့ ရှိပါတယ်။
ကလပ်တက်မယ်၊ သောက်မယ် စားမယ်၊ ကာရာအိုကေနဲ့ ပျော်မယ်ပါးမယ် ဆိုတဲ့ထဲ
အရစ္စတစ်ပတ်တို့ မြေးအဖိုးလည်း ထိပ်ဆုံးကပါမယ့် သဘောရှိတယ်။
နောက်နှစ်တစ်ရာ လောက်ကြာတဲ့ အခါ အပီကူးရပ် (Epicurus ဘီစီ ၃၄၁) ကပိုပြီး ပြင်းထန်လေးနက်တဲ့ အမြင်တွေနဲ့ ပျော်ရွှင်မှုကို တိုင်းတာ သတ်မှတ်ပြန်သတဲ့။
ကောင်းမွန်မျှတစွာ စားသောက်၊နေထိုင်မှု မျိုးကို ပျော်မွေ့တဲ့ သူတွေကို Epicurean လို့တောင်ခေါ်ကြတယ်။
သူက အစားအသောက်ကောင်း၊ ဂီတ၊ ယမကာ တွေရဲ့ ကောင်းမွန်တဲ့ ဂုဏ်ကို အားပေးပေမယ့် hedonism လောက် စည်းလွတ်ဝါးလွတ် တာမျိုး မဟုတ်ဘူး။
အလွန်အကျွံထက် တန်သင့်ရုံမျိုးကို သာယာတာ။
ရုပ်ပိုင်းရပ်တည်ဖို့ အတွက် စားစရာ၊ နားခိုစရာ၊ ကျန်းမာရေး စတာတွေ ရှိတယ်ဆိုရင် ပျော်ရွှင်မှု အတွက် အခြေခံလိုအပ်တာ သုံးမျိုးက
* မိတ်သင်္ဂဟ၊
* လွတ်လပ်မှု နဲ့
* အတွေးအခေါ် ပဲတဲ့။
ဆန်းပြားထွေထူးတဲ့ အစားအသောက်တွေ၊ အိမ်ကြီးအိမ်ကောင်းကြီးတွေ၊ ချမ်းသာကြွယ်ဝမှုတွေ လိုချင်ကြတာ သဘာဝ ဆိုပေမယ့် အဲ့ဒါတွေက တကယ်လိုတဲ့ ဟာတွေ မဟုတ်ဘူး လို့ ဆိုခဲ့တယ်။
အာဏာလိုချင်တာ၊ ကျော်ကြားမှုကို လိုချင်တာ မျိုးတွေက သဘာဝ မကျဘူး တဲ့။
ဒါဆို အိုင်ဖုန်း ရတဲ့ အပေါ် ဘယ်လို မြင်ရမလဲ?
အပီကူးရပ် ကတော့ ကိုယ်လိုချင်တယ်လို့ ကိုယ့်ဟာကိုယ်ထင်နေတဲ့ အရာတွေအတွက် စစ်ဆေးစရာ မေးသင့်တဲ့ မေးခွန်းတစ်စုံကို ပေးခဲ့ဖူးတယ်။
* အဲဒီအရာရခဲ့ရင် ကိုယ့်ဘဝ အတွက် ဘာတွေပိုကောင်းသွားသလဲ?
* မရခဲ့ရင် ဘာတွေပိုဆိုးသွားမလဲ?
ဆိုတဲ့မေးခွန်းတွေပါ။ အိုင်ဖုန်း သုံးဘီးကားရောင်လေး ရမှ မိတ်ဆွေတွေနဲ့ ဖုန်းပြောလို့ရမှာ၊ ကိုယ်သုံးချင်တဲ့ app တွေသုံးလို့ရမှာ လား?
ဒါမှမဟုတ် လူတိုင်းက ဒါကို ကြိုက်ကြ၊ လိုချင်ကြတာထင်လို့၊ ကိုယ့်မှာ အဲ့ဒါ ရှိရင်၊ သူများအမြင်မှာ ကိုယ်ကပိုမိုက်လောက်တယ် ထင်ပြီး ကိုယ်လည်းလိုချင်တာလား?
ဘီစီ ပထမရာစုနှစ်က လူခရိရှပ် (Lucretius) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကတော့
"လူတော်တော်များများဟာ သူတို့ ဘာလိုချင်လည်း ဆိုတာကို သူတို့ဟာသူတို့ ဆင်ခြင်သုံးသပ်ပြီး လိုချင်တာမျိုး မဟုတ်ပဲ၊
တခြားလူတွေရဲ့ ပေါ်ပျူလာဖြစ်တဲ့ အထင် ပေါ်ပိုမူတည်ပြီး လိုချင်တာမျိုး ဖြစ်တယ်" လို့ ဒဲ့ဆော်ခဲ့ဖူးပါတယ်။
ဒါဆို ရောင့်ရဲမှု ဆိုတာကရော?
သာယာဖွယ် ဘဝ၊ အတွေ့အကြုံ တစ်ခုကို ရတာချင်းအတူတူ တချို့သူတွေ အတွက်က ကျေနပ်ပျော်ရွှင်စရာဖြစ်ပေမယ့်၊
တချို့သူတွေအတွက်က အဲ့ဒီ တူညီတဲ့ဘဝကိုပဲ ကျေနပ်စရာ မရှိဘူးလို့ မြင်နေနိုင်ပါတယ်။
ဒါကြောင့် လိုအင်တွေအပေါ် ရောင့်ရဲမှုကလည်း ပျော်ရွှင်မှု ပေါ်မြင်တဲ့အမြင်ကို သက်ရောက်တာ အသေအခြာ ပါပဲ။
ပျော်ရွှင်မှု လို့ ဆိုလိုက်ရင် လူအများစု အဓိက တန်းပြောမှာဖြစ်တဲ့ "ငွေ" ဆိုတာကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။
ငွေရှိရင် ပူပင်စရာတွေလျော့သွားမယ်။
ဝယ်ချင်တာဝယ်၊ လုပ်ချင်တာတွေလုပ်လို့ ရသွားမယ်။
ငွေပိုရှိလေလေ၊ ပိုပျော်စရာကောင်းလေလေ လို့ အလွယ်တွေးလို့ ရကောင်းရနိုင် ပါတယ်။
တွေ့ရှိမှုတွေအရ ထီပေါက်တာမျိုးကတော့ သိပ်ပြီးမဟုတ်လှပါဘူးတဲ့။ ရုတ်တရက်ကြီး ခဏတာ ပျော်ရွင်ချမ်းသာသွားပေမယ့် သိပ်မကြာခင်မှာပဲ ပျော်ရွှင်မှု အတိုင်းအတာက အရင်အတိုင်း ပြန်ဖြစ်သွားတယ်လို့ ဆိုပါတယ်။
၂၀၁၀ ခုနှစ်က ကျော်ကြားခဲ့တဲ့ Daniel Kahneman နဲ့ Angus Deaton တို့ရဲ့ လေ့လာမှုတွေ အရ
အတိုင်းအတာတစ်ခုထိ ဝင်ငွေပိုကောင်းလာလေလေ၊ ပျော်ရွှင်မှုကို ပိုရလေလေလို့ဆိုပါတယ်။
ဒါပေမယ့် တနှစ်ဝင်ငွေ $၇၅၀၀၀ ဝန်းကျင် လောက်ရောက်သွားရင် ဝင်ငွေထပ်များလာလည်း သိပ်ထူးမလာတော့ဘူးလို့ ဆိုပါတယ်။
အခြေခံလိုအပ်ချက် တွေပြည့်စုံပြီးသွားတဲ့ အခါ ကိုယ်ပိုင်ရွက်လှေကြီးဝယ်နိုင်တာ၊ ကိုယ်ပိုင်လေယာဉ်ကြီး ဝယ်နိုင်တာတွေက သိပ်ပြီး ထူးပျော်မလာစေတော့ပဲ သူများထက် ပိုချမ်းသာတဲ့ ဆိုတဲ့ ခံစားမှုကပဲ ပျော်ရွှင်စေတယ်လို့ဆိုပါတယ်။
နောက် ၁၁ နှစ်အကြာမှာ Matthew Killingsworth က အလုပ်အကိုင်ရှိတဲ့ လူကြီး အယောက်သုံးသောင်းကျော်ကို
ထပ်လေ့လာတဲ့ အခါမှာတော့ $၇၅၀၀၀ ကျော်လည်း ဝင်ငွေများလေး ပိုပျော်ရွှင်မှု ရှိလေလို့ ဆိုပြန် ပါတယ်။
ဒါနဲ့ ၂၀၂၂ ခုနှစ်မှာတော့ Kahneman နဲ့ Killingsworth လည်း Barbara Mellers တိုင်တည်ပြီး ဖြေရှင်းဖို့ ကြိုးစားကြ တဲ့ အခါ စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခု ကို သွား တွေ့ ကြတယ်။ အရင်ကတည်းက သိပ် ပျော်ရွှင်မှု မရှိတဲ့ သူတွေက $၁၀၀၀၀၀ ကျော် ဝင်ငွေ ကို ရောက်လာတဲ့ အခါ ထပ် ပြီး ပျော်ရွှင်မှု က တိုးမလာ တော့ပဲ၊ ဝင်ငွေ နည်းကတည်းက ပျော်ရွှင်မှု ရှိတဲ့ သူတွေက ပဲ $၁၀၀၀၀၀ ကျော်လည်း ပိုတိုး ပျော်နိုင်တာတဲ့။
ဟားဗတ် က လေ့ လာမှု တွေ အရ အောင်မြင်မှု ဆိုတာထက် အဓိပ္ပာယ် ရှိတဲ့ အလုပ်တွေ က ပိုပျော်ရွှင် စေ တာလို့ ဆိုပါတယ်။ အဲ့လေ့လာမှုတွေရဲ့ အချုပ်ကို ပြန်ဆို ရရင်တော့ ပျော်ရွှင်မှု အတွက် အဓိက ကျတာ၊ နောက်ပြီး ဝင်ငွေများလာတဲ့အခါ ပိုပျော်စေနိုင်တာ တွေက
* မိတ်သင်္ဂဟ နဲ့
* အဓိပ္ပာယ် ရှိတဲ့ အလုပ်တွေ
ပါပဲတဲ့။
အရှေ့တိုင်း အတွေးအခေါ်တွေအရ ဆိုရင်တော့ စွဲလမ်းမှု၊ တပ်မက်မှု တဏှာ တွေကို ပယ်ဖြတ်ဖို့ ဆိုတာမျိုးရှိပါတယ်။
မပျော်ရွှင်တာတွေ အရင်းအမြစ် ကစ မရှိတော့ဘူး ဆိုတာ ပိုမိုတည်ငြိမ်အေးချမ်းတဲ့ ပျော်ရွှင်မှုများ ဖြစ်မလား?
အာရစ္စတိုတယ် (Aristotle) ကတော့ မှန်ကန်ကောင်းမွန်စွာ နေထိုင်ခြင်းက ပျော်ရွှင်မှုရဲ့ အရင်းခံ လို့မြင်တယ်။
မှန်ကန်ကောင်းမွန်မှုဆိုတာကလည်း အစွန်းနှစ်ဖက် မရောက်ပဲ သင့်တင့်တဲ့ မဇ္ဈိမ ပဋိပဋာ နေထိုင်ခြင်းဖြစ်တယ် လို့ဆိုခဲ့တယ်။
ဥပမာ သတ္တိရှိတယ် ဆိုတာက သူရဲဘောကြောင်တာနဲ့ အဆင်အခြင်ကင်းမဲ့တာရဲ့ ကြားမှာရှိတာမျိုးတဲ့။
ရှိုပန်ဟောင်ဝါ (Arthur Schopenhauer) ဆိုတဲ့ ဂျာမန်ကြီးကတော့
လူ့ပျော်ရွှင်မှုဆိုတာ ဖြစ်နိုင်လို့လား
လို့ တောင် သံသယရှိခဲ့ပါတယ်။
ရှိခဲ့ရင်လည်း ပျော်ရွှင်မှုပေးနိုင်တဲ့၊ လူ့ဘဝရဲ့ အရေးကြီးတဲ့ point သုံးခုရှိတယ်လို့ အမြင်ရှိခဲ့ပါတယ်။
* သင်ကဘာလဲ
* သင်ဘာရှိလဲ
* သင့်ကိုဘယ်လိုထင်ကြလဲ
ဆိုတာတွေပါတဲ့။ တကယ်တော့ ပထမတစ်ခုဖြစ်တဲ့ 'သင်ကဘာလဲ' ဆိုတာက အရေးအကြီးဆုံး ဖြစ်ပေမယ့် လူအများစုကတော့ နောက်နှစ်ခုဖြစ်တဲ့ 'ဘာရှိလဲ' နဲ့ 'ဘယ်လိုထင်ကြလဲ' နောက်ကိုပိုလိုက်ကြတယ် လို့ဆိုပါတယ်။
(Anne Rooney ရဲ့ The 15-minute philosopher စာအုပ် ကို ဖတ်မိတာတွေ၊ Veritasium ရဲ့ What is the secret of a good life? ယူကျုကို ကြည့်မိတာတွေ ပေါင်းပြီး ရေးမိတာတွေ ပြန်ရေးမိသည်။)
Friday, March 31, 2017
မြန်မာနိုင်ငံ၏ဗဟို
မြန်မာနိုင်ငံ ရဲ့ အလယ်ဗဟို ဆိုပြီး ဖေ့ဘုတ်ပေါ် တွေ့မိတာ တခါကို တစ်မျိုး ဖြစ်နေလား ထင်မိတယ်။ ဒါနဲ့ ဂူဂယ်တို့၊ ဝီကီ တို့မှာ ရှာကြည့်တော့လည်း အဲ့ဒီ ဒေတာ ကို မတွေ့ဘူး ဖြစ်နေတယ်။ အဲ့ဒီတော့ စပ်စပ်စုစု ကိုယ့်ဟာကိုယ်ပဲ တွက်ကြည့်လိုက်တာ မြန်မာပြည် မြေပုံရဲ့ အလယ်ဗဟို (Geometric mean သို့ centroid) က လတ္တီကျု ၂၀.၈၆ ဒီဂရီ နဲ့ လောင်ဂျီကျု ၉၆.၄၈ ဒီဂရီ ဆိုပြီး ထွက်လာတယ်။ ဂူဂယ် မြေပုံမှာ ပြန်ကြည့်တော့ မန္တလေးတိုင်းထဲမှာ၊ ပင်းတယ နဲ့နီးတာကို တွေ့ရတယ်။ ဖေ့ဘုတ်မှာ တွေ့မိတာနဲ့ မတူဘူး။ တွက်တာက တော့ ဂူဂယ်မြေပုံမှာ စကရင်ရှော့ရိုက်၊ GIMP နဲ့ အဖြူအမည်း ပြောင်းပြီး၊ opencv နဲ့ centroid ရှာလိုက်တာပါပဲ။ ဂူဂယ်မြေပုံက Mercator projection သုံးထားတာမို့ အဲဒီအတွက်ပါ ထည့်တွက်ထားတယ်။
Source code: https://github.com/yan9a/Myanmar_Centroid
အသေးစိတ် ရှင်းလင်းချက်။ ။ဤစာအုပ် အခန်း ၅၊ အပိုင်း ၄
ရှေး အရင်တုန်းက မြေပုံရဲ့ ဗဟိုက ကူမဲမြို့ အရှေ့ဖက် မှိုင်းမော်ဆိုတဲ့ ရွာမှာလို့ကြားတယ်။ ဒီအောက်က ဟာကတော့ ဖေ့ဘုတ်မှာတွေ့မိတဲ့ဟာပါ။ အခုမြေပုံနဲ့ တွက်လို့ရတဲ့ အဖြေနဲ့တော့ မတူဘူး။
Source code: https://github.com/yan9a/Myanmar_Centroid
အသေးစိတ် ရှင်းလင်းချက်။ ။ဤစာအုပ် အခန်း ၅၊ အပိုင်း ၄
ရှေး အရင်တုန်းက မြေပုံရဲ့ ဗဟိုက ကူမဲမြို့ အရှေ့ဖက် မှိုင်းမော်ဆိုတဲ့ ရွာမှာလို့ကြားတယ်။ ဒီအောက်က ဟာကတော့ ဖေ့ဘုတ်မှာတွေ့မိတဲ့ဟာပါ။ အခုမြေပုံနဲ့ တွက်လို့ရတဲ့ အဖြေနဲ့တော့ မတူဘူး။
Thursday, February 23, 2017
Opencv-3.2.0 on Windows 10 - 64 bit Using Visual Studio 2015
Windows အတွက် pre-built လုပ်ပြီး ဖြစ်သော လက်ရှိ နောက်ဆုံးထွက် OpenCV အခြေကျ ဗာရှင်း ကိုသုံးမည်။
၄င်းအား
https://sourceforge.net/projects/opencvlibrary/files/opencv-win/
တွင် ယူနိုင်သည်။ ရရှိ လာသော opencv-3.2.0-vc14.exe အား ဤ နမူနာ အတွက် C:\opencv အောက်တွင် opencv320 အနေနှင့် extract လုပ်သည်။ IDE အတွက် Visual Studio 2015 ကို https://www.visualstudio.com/downloads/ မှ ရယူ ၍ install လုပ်မည်။ အောက်ပါ အဆင့် များကို Windows 10 64 bit တွင် Visual Studio 2015 နှင့် OpenCV-3.2.0 အား သုံး၍ စမ်းကြည့် ထားသည်။ အခြား ဗားရှင်းများ အတွက်လည်း ဆင်တူ ယိုးမှား နည်းလမ်း များသာ ဖြစ်သည်။
64 bit windows နှင့် Visual Studio 2015 အတွက် enviroment variable တစ်ခု အနေနှင့် OPENCV_DIR ကို သတ်မှတ် မည်။ ထို့အတွက် Command window ကို administrator အနေနှင့် run ရန် start menu ကို right click နှိပ်၍ command prompt (admin) ကို ရွေးပြီး လျင် အောက်ပါ အတိုင်း ရိုက်ထည့် နိုင်သည်။
https://sourceforge.net/projects/opencvlibrary/files/opencv-win/
တွင် ယူနိုင်သည်။ ရရှိ လာသော opencv-3.2.0-vc14.exe အား ဤ နမူနာ အတွက် C:\opencv အောက်တွင် opencv320 အနေနှင့် extract လုပ်သည်။ IDE အတွက် Visual Studio 2015 ကို https://www.visualstudio.com/downloads/ မှ ရယူ ၍ install လုပ်မည်။ အောက်ပါ အဆင့် များကို Windows 10 64 bit တွင် Visual Studio 2015 နှင့် OpenCV-3.2.0 အား သုံး၍ စမ်းကြည့် ထားသည်။ အခြား ဗားရှင်းများ အတွက်လည်း ဆင်တူ ယိုးမှား နည်းလမ်း များသာ ဖြစ်သည်။
64 bit windows နှင့် Visual Studio 2015 အတွက် enviroment variable တစ်ခု အနေနှင့် OPENCV_DIR ကို သတ်မှတ် မည်။ ထို့အတွက် Command window ကို administrator အနေနှင့် run ရန် start menu ကို right click နှိပ်၍ command prompt (admin) ကို ရွေးပြီး လျင် အောက်ပါ အတိုင်း ရိုက်ထည့် နိုင်သည်။
setx -m OPENCV_DIR C:\opencv\opencv320\build\x64\vc14
Wednesday, February 22, 2017
မြန်မာဘာသာ အတွက် LaTeX Report ပုံစံ
XeLaTeX ကို အသုံးပြု၍ မြန်မာ ဘာသာဖြင့် report ရေးသားရန် နမူနာ ပုံစံ ( template) တစ်ခု ဖြစ်သည်။
https://github.com/yan9a/LaTeX_Myanmar_Language တွင် တွေ့နိုင်သည်။
မြန်မာဘာသာဖြင့် ရေးသား ထားသည် များကို အသုံးပြုရန် ယူနီကုဒ်ကို ထောက်ပံ့သော XeLaTeX ကို အသုံးပြုရန် လိုသည်။ XeLaTeX စမ်းသပ်ရန် ရိုးရှင်းသည့် နမူနာ များအား အရင် ပို့စ် အဟောင်း တခု ဖြစ်သော Myanmar (Burmese) Language with XeTeX and LuaTeX တွင် တွေ့နိုင်သည်။ မြန်မာ ဘာသာဖြင့် သုံးရန် လိုအပ်သည်မှာ burmese.sty ကို folder တစ်ခုထဲမှာ ထားပြီး report ၏အစတွင်
https://github.com/yan9a/LaTeX_Myanmar_Language တွင် တွေ့နိုင်သည်။
မြန်မာဘာသာဖြင့် ရေးသား ထားသည် များကို အသုံးပြုရန် ယူနီကုဒ်ကို ထောက်ပံ့သော XeLaTeX ကို အသုံးပြုရန် လိုသည်။ XeLaTeX စမ်းသပ်ရန် ရိုးရှင်းသည့် နမူနာ များအား အရင် ပို့စ် အဟောင်း တခု ဖြစ်သော Myanmar (Burmese) Language with XeTeX and LuaTeX တွင် တွေ့နိုင်သည်။ မြန်မာ ဘာသာဖြင့် သုံးရန် လိုအပ်သည်မှာ burmese.sty ကို folder တစ်ခုထဲမှာ ထားပြီး report ၏အစတွင်
\usepackage{burmese}
ကို ထည့်လိုက်ရုံသာ ဖြစ်သည်။
နမူနာ အနေနှင့် အသုံးများသော LaTeX editor တစ်ခုဖြစ်သည့် TeXstudio ကိုသုံးမည်။
အသုံးပြုသည့် မြန်မာဖောင့်ကို ပြင်လိုပါက burmese.sty ဖိုင်တွင် ပြင်ရမည်။
Tuesday, February 21, 2017
Integration of Accelerometers
3-axis accelerometer တွေကို ကိုယ်ထည်အမာ တစ်ခုမှာ လိုအပ်ချက်နဲ့ ကိုက်ညီသလို တပ်ထားပါတယ်။
အဲဒီ ကိုယ်ထည်အမာ ကလည်း ရွေ့ချင်တဲ့ အဖြောင့် (linear) နဲ့ အလှည့် (angular) လှုပ်ရှားမှုတွေနဲ့ ရွေ့နေပါတယ်။
တပ်ထားတဲ့ accelerometer တွေက linear acceleration တွေကိုပဲ အာရုံခံနိုင်တဲ့ အတွက် angular ရွေ့လျားမှု တွေကို မသိဘူး ဖြစ်နေပါတယ်။
သိချင်တာ တစ်ခုက accelerometer တွေ အများကြီးက တိုင်းတာလို့ ရတဲ့ တန်ဖိုးတွေကို ပေါင်းပြီး ထပ်တူညီတဲ့ စုပေါင်း integrated equivalent accelerometer တစ်ခုအနေနဲ့ ရနိုင်မလား ဆိုတာပါပဲ။
စဉ်းစားကြည့်လိုက်တော့ ရနိုင်တယ် လို့ ထင်ပါတယ်။
သိချင်တာ တစ်ခုက accelerometer တွေ အများကြီးက တိုင်းတာလို့ ရတဲ့ တန်ဖိုးတွေကို ပေါင်းပြီး ထပ်တူညီတဲ့ စုပေါင်း integrated equivalent accelerometer တစ်ခုအနေနဲ့ ရနိုင်မလား ဆိုတာပါပဲ။
စဉ်းစားကြည့်လိုက်တော့ ရနိုင်တယ် လို့ ထင်ပါတယ်။
Monday, January 9, 2017
Creating Dynamic Link Library (DLL) in C++ and Using it in Visual Basic .NET
Visual Basic .NET 2012 (vs11) မှာသုံးဖို့ အတွက် DLL (Dynamic Link Library) တခုကို C++ နဲ့ ဖန်တီးဖို့ နည်းလမ်း ၂ ခု ကို ဆွေးနွေးချင်ပါတယ်။
CLR Class Library
Win32 DLL
Thursday, December 15, 2016
LaTeX Template for Thesis
Thesis အတွက် LaTeX နမူနာ ပုံစံ တစ်ခု ကို မျှဝေ ထားပါတယ်။
သူ့ကို https://github.com/yan9a/LaTeX_Template_Thesis မှာ ရယူနိုင်ပါတယ်။
သူ့ကို https://github.com/yan9a/LaTeX_Template_Thesis မှာ ရယူနိုင်ပါတယ်။
Subscribe to:
Posts (Atom)



