MCP3008 က Microchip က ထုတ်တဲ့ 8-channel, 10-bit analog to digital converter ဖြစ်ပါတယ်။
သူ့ကို single ended analog input အနေနဲ့ ရှစ်ခု သုံးလို့ ရပြီး၊ differential input pair အနေနဲ့ ဆို လေးစုံ သုံးလို့ ရပါတယ်။
Power supply ဗို့ 2.7 V ကနေ 5 V အထိ သုံးလို့ ရပြီး၊ အပူချိန် -40 °C ကနေ +85 °C အထိ ခံနိုင် ပါတယ်။
SPI interface ဖြစ်ပြီး mode 0 ဒါမှ မဟုတ် mode 3 နဲ့ သုံးနိုင် ပါတယ်။