
လုပ်ရမယ့် amplifier ရဲ့ အဝင်ဗို့က -1 V ကနေ 6 V ရှိမှာ ဖြစ်ပြီး၊ အထွက်ဗို့က -2 V ကနေ 12 V ထုတ်ပေးဖို့ လိုပါမယ်။ အဝင်ဗို့ နဲ့ အထွက်ဗို့က အတည့် (non-inverted) ဖြစ်ဖို့ လိုတာမို့ op-amp ကိုnon-inverting configuration သုံးပြီး ဒီဇိုင်းလုပ်လိုက်ပါတယ်။ ချဲ့ဆကို အသေးစိတ် ချိန်ညှိ ချင်တာဖို့ trimmer လေးကို ပါထည့်သုံးလိုက်ပါတယ်။ အလွယ်တကူ တွေ့တဲ့ LM358N op-amp IC ကိုပဲ ကောက်သုံးလိုက်ပါတယ်။ ဆားကစ် ပုံ နဲ့ lab ထဲမှာ အလွယ်တကူ ရတဲ့ ပစ္စည်းလေးတွေသုံးပြီး ရလာတဲ့ ဟာလေးကို အောက်မှာ ပြထားပါတယ်။ ဒီဆားကစ် ရဲ့ အဝင် ခုခံမှု (input impedance) က အရမ်းကြီးတာမို့ အဝင်ကို ဘာမှ ဆက်မထားတဲ့ အချိန် မှာ floating ဖြစ်မနေအောင် 56k ရီစစ္စတာလေး ထည့်လိုက်ပါတယ်။


ဒီ amplifier ရဲ့ ချဲ့ဆ ကို ၂ ဆတိတိရအောင် ချိန်တဲ့ အခါ oscilloscope ရဲ့peak to peak တန်ဖိုး ပြနေတာ ကို ဖတ်ရတာ သိပ်မသေချာဘူး ထင်တာနဲ့ တစ်ခြား နည်းလမ်း ကို ထပ်စဉ်းစား ကြည့်ပါတယ်။ နောက်တော့ ချန်နယ် ၁ နဲ့ ဆက်ထားတဲ့ အထွက် ကို 10 V per division ထားပြီး၊ ချန်နယ် ၂ နဲ့ ဆက်ထားတဲ့ အဝင်ကို 5 V per division ထားလိုက်ပါတယ်။ ပြီးတာနဲ့ trimmer လေးကို ဖြည်းဖြည်းခြင်း လှည့်ပြီး ထပ်တူကျတဲ့ လှိုင်းနှစ်ခု ရအောင် ချိန်လိုက်ပါတယ်။
