၁။ Joint အားလုံး အတွက် Z ဝင်ရိုးကို သတ်မှတ်ပါ
Joint k+1 ရဲ့ ဝင်ရိုးကို zk လို့ သတ်မှတ်ပါ။ အကယ်၍ လည်တဲ့ revolute joint မျိုးဆိုရင် z axis ကို လည်တဲ့ဖက် အတိုင်း right hand rule သုံးပြီး သတ်မှတ်ပါ။ အကယ်၍ ဆန့်ထွက်တဲ့ prismatic joint မျိုးဆိုရင် z-axis ကို ဆန့်ထွက်တဲ့ ဖက် အတိုင်း သတ်မှတ်ပါ။၂။ Origin များကို သတ်မှတ်ပါ
zk နဲ့ zk-1 တို့ အချင်းချင်း ဖြတ်သွားတဲ့ နေရာကို Lk ရဲ့ origin လို့ သတ်မှတ်ပါ။ အကယ်၍ မဖြတ်ခဲ့ ရင် zk ရော zk-1 ကိုပါ ထောင့်မတ်ကျတဲ့ common normal နဲ့ zk နဲ့ ဖြတ်တဲ့နေရာကို ယူပါ။ လိုင်း နှစ်လိုင်း ဟာ ဘယ်လိုပဲ ရှိ ရှိ နှစ်လိုင်း စလုံးကို ထောင့်မတ်ကျတဲ့ common normal လို့ ခေါ်တဲ့ လိုင်းတစ်လိုင်းတော့ အမြဲရှိပြီး အဲဒီနှစ်လိုင်း ရဲ့ အနီးဆုံး အကွာအဝေး လည်း ဖြစ်ပါတယ်။၃။ X ဝင်ရိုးများကို သတ်မှတ်ပါ
xk ကို zk နဲ့ zk-1 ကြားက common normal ရဲ့ ဦးတည်ရာ အတိုင်း သတ်မှတ်ပါ။ အကယ်၍ z ဝင်ရိုး အချင်းချင်း ဖြတ်နေရင် xk ကို zk နဲ့ရော zk-1 နဲ့ပါ ထောင့်မတ်ကျ အောင် သတ်မှတ်ပါ။ (z ဝင်ရိုး တွေရဲ့ cross-product ဦးတည်ရာ အတိုင်း လို့ လည်းပြောလို့ ရပါတယ်)။ အကယ်၍ zk နဲ့ zk-1 တွေက ပြိုင်နေရင် xk ကို zk-1 နဲ့ ဝေးရာကို ဦးတည်ပါ။ အရင် ရှေ့က common normal ရဲ့ ဦးတည်ရာ အတိုင်း ဖြစ်နိုင်ရင် သတ်မှတ်ပါ။၄။ Y ဝင်ရိုးများကို သတ်မှတ်ပါ
yk ကို right-handed frame Lk ဖြစ်အောင် သတ်မှတ်ပါ။၅။ Kinematic Parameter လေးခု ကို ရှာပါ
*θk က xk-1 နဲ့ xk ကြားက zk-1 ဝင်ရိုးပေါ်က ထောင့်ပါ။ *dk က xk-1 နဲ့ xk ကြားက zk-1 ဝင်ရိုး တစ်လျှောက် အကွာအဝေး ပါ။ *ak က zk-1 နဲ့ zk ကြားက xk ဝင်ရိုး တစ်လျှောက် အကွာအဝေး ပါ။ *αk က zk-1 နဲ့ zk ကြားက xk ဝင်ရိုးပေါ်က ထောင့်ပါ။၆။ Frame k-1 မှ Frame k သို့ ပြောင်းခြင်း
*Lk-1 ကို zk-1 ဝင်ရိုး ပေါ်မှာ θk လှည့်လိုက်ရင် xk-1 နဲ့ xk နဲ့ အပြိုင်ဖြစ် သွားပါမယ်။ ဘာ့ကြောင့်လဲ ဆိုတော့ common normals တွေ ဖြစ်တဲ့ ak-1 နဲ့ ak နှစ်ခုစလုံးက zk-1 ဝင်ရိုးနဲ့ perpendicular ဖြစ်နေလို့ပါ။ *Lk-1 ကို zk-1 ဝင်ရိုး တစ်လျှောက် dk ရွှေ့ရင် xk-1 နဲ့ xk က တစ်တန်းတည်း ဖြစ်သွားပါမယ်။ *Lk-1 ကို xk ဝင်ရိုး တစ်လျှောက် ak ရွှေ့ရင် Lk-1 နဲ့ Lk တို့ရဲ့ origin တွေဟာ တစ်ထပ်တည်း ဖြစ်သွား ပါမယ်။ *Lk-1 ကို xk ဝင်ရိုး ပေါ်မှာ αk လှည့်လိုက်ရင် zk-1 နဲ့ zk ဝင်ရိုး တွေဟာ အပြိုင်ဖြစ် သွားပါမယ်။ ဒီအချိန်မှာ frames Lk-1 နဲ့ Lk တို့ဟာ တထပ်တည်း ကျသွားပါပြီ။simulation လုပ်ကြည့်မယ် ဆိုရင် Robotassist ဆိုတဲ့ free software လေးက အဆင်ပြေမယ် ထင်ပါတယ်။
Ref:
Introduction to Robotics -Analysis, Control, Applications; Second Edition, Saeed Benjamin Niku
Fundamental of Robotics -Analysis & Control, Robert J. Schilling