Installing
ဒီနမူနာမှာတော့ squid-2.7.STABLE5-bin.zip ဖိုင်ကို download လုပ်ပြီး extract လုပ်ခဲ့ပါတယ်။ နောက် "squid" directory ကို C drive ထဲမှာ "C:squid" အနေနဲ့ copy ကူးလိုက်ပါတယ်။ နောက် "C:squidetc" directory ကိုသွားပြီး အောက်ပါဖိုင်များကို copy ကူးပြီး rename လုပ်လိုက်ပါ။squid.conf.default ==> squid.conf mime.conf.default ==> mime.conf cachemgr.conf.default ==> cachemgr.confနောက် squid.conf ကိုလိုသလို edit လုပ်နိုင်ပါပြီ။ ဒီနမူနာမှာတော့ ဘာမှမပြောင်းပဲ default အတိုင်းထားခဲ့ပါတယ်။
Windows start menu ကိုဖွင့်ပြီး Start->Run ကိုသွားပါ။ ထို့နောက် "cmd" ကိုထည့်ပြီး OK ကိုနှိပ်ရင် "Comman Prompt" windows တက်လာပါမယ်။ "squid.exe" program ရှိတဲ့ sbin folder ကိုသွားဖို့ အောက်ပါအတိုင်း command prompt မှာရိုက်ထည့်နိုင်ပါတယ်။
cd C:squidsbinဝင်းဒိုး service ကို install လုပ်ဖို့ command format ကတော့ "squid -i [-f configfile] [-n servicename]" ဖြစ်ပြီး servicename က Squid service ရဲ့နာမည်တစ်ခုခုနဲ့ configfile က configuration file ဖြစ်ပါတယ်။ (ဘာမှမထည့်ရင် configfile က "c:/squid/etc/squid.conf" လို့ယူဆမှာဖြစ်ပြီး servicename က "Squid" လို့ယူဆမှာဖြစ်ပါတယ်။) ဒီမှာတော့ servicename ကို squid နဲ့ configfile က C:squidetcsquid.conf ဖြစ်တဲ့အတွက် ထောင့်ကွင်းတွေထဲက optional arguments တွေကိုမထည့်လဲရပါတယ်။ Path ကိုပြောတဲ့အခါ '' ကိုမသုံးပဲ '/' ကိုသာသုံးပါ။ အောက်ပါတို့ကိုရိုက်ထည့်ပါ။
squid -i -f c:/squid/etc/squid.conf -n squidထို့နောက် cache directories များဖန်တီးရန်အောက်ပါအတိုင်းရိုက်ထည့်ပါ။
squid -z -f c:/squid/etc/squid.conf
Squid servicename service command line ကို Windows Registry တွင်ထည့်ရန်အောက်ပါအတိုင်းထပ်ရိုက်ထည့်နိုင်ပါတယ်။
squid -O servicecommandline -n squid
ထို့နောက် "Start->Control Panel->Administrative Tools->Services" ကိုဖွင့်၍ "squid" service ကို start လုပ်ပါ။ Squid proxy server က default အနေနဲ့ဆိုရင် port 3128 ကို listen လုပ်ပါတယ်။
Client Side Setting
Client machine ရဲ့ proxy server သုံးချင်တဲ့ browser မှာလဲ proxy settings တွေကို တနည်းနည်းနဲ့ configure လုပ်ဖို့လိုပါတယ်။ ဒီမှာတော့ Mozilla Frefox ကိုသုံးပြီးနမူနာပြထားပါတယ်။ Firefox browser ရဲ့ Tools menu -> Options... command -> Network tab -> က connection frame ထဲက Settings... button ကိုနှိပ်ပြီး proxy server ရဲ့ address နဲ့ port (3128) တို့ကိုထည့်ပါ။Linux စက်တွေမှာတော့ squid ကို transparent proxy အနေနဲ့တိုက်ရိုက်သုံးလို့ရပါတယ်။ Windows စက်တွေမှာတော့ အဲဒါက known limitation အနေနဲ့ ရှိနေတုန်းပါပဲ။ (Transparent Proxy: missing Windows non commercial interception driver) လို့ဖော်ပြထားတာ တွေ့ရပါတယ်။