Search This Blog

Friday, August 22, 2014

Batch Processing of Images in GIMP

ဓာတ်ပုံတွေ အများကြီးကို တစ်ခါတည်း နာမည်ပြင်ချင်တာ၊ အရွယ်အစား ပြောင်းချင်တာ၊ ဖိုင်အမျိုးအစား ပြောင်းချင်တာ တွေ လုပ်ချင်ရင် GIMP မှာ လုပ်လို့ရပါတယ်။ ပထမဆုံး အနေနဲ့ David's Batch Processor ဆိုတဲ့ Plug-in ကို http://members.ozemail.com.au/~hodsond/dbp.html ဆိုတဲ့လင့်မှာ သွားယူဖို့ လိုပါတယ်။ ပြီးရင် ဒေါင်းလုပ်လုပ်ထားတဲ့ ဖိုင်ကို extract လုပ်ပြီးရင် ရလာတဲ့ dbp.exe ဆိုတဲ့ဖိုင် ကို C:\Program Files\GIMP 2\lib\gimp\2.0\plug-ins ဆိုတဲ့ နေရာမှာ ထားလိုက်ပါမယ်။ နောက် GIMP ရဲ့ Filters menu မှာ Batch Process... command ကိုနှိပ်လိုက်ရင် အောက် ကအတိုင်း David's Batch Processor ဆိုတဲ့ pop-up windows ပေါ်လာရင် လိုချင်တဲ့ batch processing လုပ်လို့ရပါပြီ။

Friday, August 15, 2014

Selective Color Modification

အောက်မှာ ပြထားတဲ့ ပုံထဲက လမ်းအပြာလေးကိုပဲ ရွေးပြီး အစိမ်းရောင် ပြောင်းကြည့် ချင်တာနဲ့ MatLab program လေး ရေးကြည့်ပြီး Octave သုံးပြီး run ကြည့်လိုက်တယ်။ အပြာရောင် ကို အစိမ်းပြောင်းချင်တာဆိုတော့ rgb color model မှာပဲ blue နဲ့ green ကို နေရာချင်း လဲလိုက်ရင် ရပေမယ့် သိပ် ယေဘူယျ မဆန်ဘူးထင်တာနဲ့ hsv color model သုံးလိုက်တယ်။ အဲဒါဆို hue ကို ကြိုက်တဲ့ အရောင်ကနေ လိုချင်တဲ့ အရောင်ကို အလွယ်တကူ ပြောင်းလို့ရသွားတာပေါ့။