Search This Blog

Saturday, June 29, 2013

Using Analog to Digital Converter of AT89C51CC01 Microcontroller

AT89STK-06 starter kit ကိုသုံးပြီး 8051 microcontroller တစ်ခုဖြစ်တဲ့ AT89C51CC01 အတွက် analog to digital converter (ADC) အဝင် ကိုဖတ်တဲ့ C ကုဒ် တစ်ချို့ကို ရေးထားပါတယ်။ အဲဒီ မိုက်ခရို ကွန်ထရိုလာ မှာ 10 bit resolution ရှိတဲ့ multiplexed လုပ်ထားတဲ့ အဝင် ၈ ခုရှိပါတယ်။ ဒီနမူနာမှာ variable resister နဲ့ ဆက်ထားတဲ့ အဝင် ပင်နံပါတ် ၇ ကို ဖတ်ကြည့်ထား ပါတယ်။

GNU Octave as an Alternative to MatLab

GNU OctaveFreeMat နဲ့ Scilab တို့က MATLAB လိုမျိုး တွက်ချက်မှုတွေ လုပ်ပေးနိုင်တဲ့ အလကားရတဲ့ free open source software တွေဖြစ်ပါတယ်။ လိုက်ရှာ ဖတ်ကြည့်တော့ GNU Octave က အကောင်းဆုံးလို့ ကြားတာနဲ့ သူ့ကို စက်ထဲမှာ ထည့်ပြီး စမ်းကြည့်တော့ တော်တော် သဘောကျ သွားပါတယ်။ GNU Octave ကို ဝင်းဒိုး ပေါ်မှာတင်ရတာ တော့ တော်တော်လွယ်ပါတယ်။ သူ့ရဲ့ Download page က ဖိုင်တွေကို ယူပြီး စက်ထဲမှာ folder တစ်ခု အနေနဲ့ ထုတ်ယူလိုက်ပါမယ်။ ပြီးရင် shortcut ဖိုင်ကို ကြိုက်တဲ့နေရာမှာ ထားပြီး သူ့ရဲ့ properties မှာ path နဲ့ icon ကို ပြင်ပေး လိုက်ရုံပါပဲ။ သူရဲ့ shortcut ကနေ Octave ကို ဖွင့်လိုက်ရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ကွန်မန်း ပေးလို့ရတဲ့ ဝင်းဒိုး ပွင့်လာပါမယ်။ အဲဒီမှာ MATLAB ကွန်မန်း တွေ တိုက်ရိုက် ရိုက်ထည့်ရင် လည်းရပါတယ်။

Wednesday, June 26, 2013

Chord-changer Javascript

I have written a Javascript program to transpose the guitar chords for a song into a different key. In the lyrics of the song, the guitar chords are supposed to be between <sup> and </sup>. You can try it at Myanmar Lyrics by clicking the Key Up and Key Down buttons. The codes are shown below.

Saturday, June 15, 2013

Algorithm, Program and Calculation of Myanmar Calendar

Read this article in English

မြန်မာ ပြက္ခဒိန် တွက်တဲ့ အခါ ပိုမို မြန်ဆန်လွယ်ကူ စေမယ့် ညီမျှခြင်းများကို တင်ပြမှာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မြန်မာ ပြက္ခဒိန် ရက်ကိုပဲ ဖြစ်ဖြစ်၊ နောက်လာမည့် မြန်မာ ပြက္ခဒိန်ရက် ကို ကြိုပြီးပဲဖြစ်ဖြစ် ဘယ်လို တွက်မလဲ ဆိုတာ ဆွေးနွေးပါမယ်။ မြန်မာ ပြက္ခဒိန် ရက်စွဲ တစ်ခုရဲ့ မြန်မာ ခုနှစ်၊ မြန်မာလ၊ လဆန်း လဆုတ်၊ မြန်မာရက်၊ အဲဒီနှစ်က ဝါထပ် မထပ်၊ ထပ်ရင် လည်း ဝါကြီးလား၊ ဝါငယ်လား ဆိုတာ ကိုအလွယ်တကူ တွက်ထုတ်နိုင်ဖို့ ကိန်းသေတွေ၊ ဖော်မြူလာတွေ၊ တွက်ချက်ပုံ အဆင့် တွေ ကို ရှင်းရှင်းလင်းလင်း တင်ပြပါမယ်။ မြန်မာ ပြက္ခဒိန်၊ နတ္ခတ် အခေါ်အဝေါ် တွေနဲ့ မရင်းနှီးရင် တောင်မှ အလွယ် တစ်ကူ နားလည် နိုင်မှာပါ။