Search This Blog

Saturday, August 13, 2011

Troubleshooting Daikin Aircon

Daikin(3MKD58DVM) inverter multi-split (R-22) aircon ကိုသုံးနေတာ တစ်နှစ် နှစ်နှစ် လောက်တော့ ရှိပြီ။ ပြီးခဲ့တဲ့ လကမှ indoor unit (FTKD25DVM) တစ်ခုက အလုပ် မလုပ် တော့ပဲ ဖွင့်လိုက်ရင် စက္ကန့်ပိုင်း လေးပဲ ထလုပ်ပြီး ပြန်ပြန် ပိတ်ပိတ် သွားတယ်။ နောက်တော့ LED indicator က မှိတ်တုပ် မှိတ်တုပ် ပဲ ပြနေတယ်။ အင်တာနက် ပေါ် ရှာဖတ် ကြည့်မှ ARC433B47 ရီမု ကွန်ထရိုး ကိုသုံးပြီး စစ်ကြည့်ဖို့ နည်းလမ်းတွေ တွေ့ တာနဲ့ ပြန်ပြီး ထုတ်နုတ် ထားလိုက်ပါတယ်။

Check Method 1

၁။ Timer cancel ခလုတ်ကို ၅ စက္ကန့် လောက် ဖိထား မယ်ဆိုရင် အပူချိန် ပြတဲ့နေရာ မှာ ၀၀ လို့ ပေါ်လာပါလိမ့်မယ်။


၂။ Timer cancel ခလုတ်ကို နှိပ်ရင် အသံတို တစ်ချက် ဒါမှမဟုတ် အသံတို နှစ်ချက် ကြားရပါလိမ့်မယ်။ အသံရှည် မြည်သံ ကြားရတဲ့ထိ ထပ်ခါ တလဲလဲနှိပ်ပါ။ ပြထားတဲ့ နံပါတ် တွေက ၀၀ ကစပြီး အောက်ပါ အစီအစဉ် အတိုင်း ပြောင်းသွား ပါလိမ့်မယ်။


၃။ အသံရှည် မြည်သံ ကြားရတဲ့ အခါ ပြနေတဲ့ နံပါတ် ကerror code ဖြစ်ပြီး ဖြစ်နိုင်တဲ့ ပြဿနာ အကြောင်းကို ဖော်ပြထားတဲ့ ဇယားကို အောက်မှာ တွေ့နိုင်ပါတယ်။

၄။ စစ်ဆေး ပြီးတဲ့ အခါ ပုံမှန် အခြေအနေ normal mode ကိုပြန်ရောက်အောင် timer cancel ခလုတ် ကို ၅ စက္ကန့် လောက် ဖိထားနိုင်ပါတယ်။ ဘာမှ မလုပ်ပဲထားရင်လဲ စက္ကန့် ၆၀ လောက် ကြာတဲ့ အခါ ရီမု ကွန်ထရိုးကသူ့ဟာသူ ပုံမှန် အတိုင်း ပြန်ဖြစ်သွားမှာပါ။

Check Method 2

၁။ TEMP ခလုတ် ရဲ့ အလယ်နဲ့၊ MODE ခလုတ်ကို ပြိုင်တူဖိလိုက်ပါ။ ပြနေတဲ့ နံပါတ် ရဲ့ ဘယ်ဘက် ဂဏန်း က မှိတ်တုပ် မှိတ်တုပ် ဖြစ်သွား ပါလိမ့်မယ်။


၂။ TEMP ခလုတ်ရဲ့ အပေါ် ဒါမှမဟုတ် အောက်ကို နှိပ်မယ် ဆိုရင် ဂဏန်း က ပြောင်းသွားပြီး အသံမြည်တာ ကြားရမှာပါ။

၃။ အသံကို အောက်က အတိုင်းစစ်နိုင်ပါတယ်။
အသံတို တစ်ချက်။ ။ ဘယ်ဘက် ဂဏန်းက error code မဟုတ်သေးပါဘူး။
အသံတို နှစ်ချက်။ ။ ဘယ်ဘက် ဂဏန်းက တော့ ဟုတ်သွားပြီ။ ဒါပေမယ့် ညာဖက် ဂဏန်းက error code မဟုတ်သေးပါဘူး။
အသံရှည် တစ်ချက်။ ။ ဂဏန်းနှစ်ခုလုံး ဟုတ်သွားပြီ။ ပြနေတဲ့ နံပါတ်က error code ဖြစ်ပါတယ်။


၄။ ဘယ်ဘက် ဂဏန်း ရပြီးတဲ့ အခါ MODE ခလုတ်ကို နှိပ်ပါ။ ညာဖက် ဂဏန်းက မှိတ်တုပ် မှိတ်တုပ် ဖြစ်သွား ပါလိမ့်မယ်။

၅။ TEMP ခလုတ်ရဲ့ အပေါ် ဒါမှမဟုတ် အောက်ကို နှိပ်မယ် ဆိုရင် ဂဏန်း က ပြောင်းသွားပြီး အသံမြည်တာ ကြားရမှာပါ။

၆။ အသံကို အောက်က အတိုင်းစစ်နိုင်ပါတယ်။
အသံတို တစ်ချက်။ ။ ဘယ်ဘက် ဂဏန်းက error code မဟုတ်သေးပါဘူး။
အသံတို နှစ်ချက်။ ။ ဘယ်ဘက် ဂဏန်းက ဟုတ်တယ်။ ဒါပေမယ့် ညာဖက် ဂဏန်းက error code မဟုတ်သေးပါဘူး။
အသံရှည် တစ်ချက်။ ။ ဂဏန်းနှစ်ခုလုံး ဟုတ်သွားပြီ။ ပြနေတဲ့ နံပါတ်က error code ဖြစ်ပါတယ်။


ရ။ အသံရှည် မြည်သံ ကြားရတဲ့ အခါ ပြနေတဲ့ နံပါတ် က error code ဖြစ်ပြီး၊ ဖြစ်နိုင်တဲ့ ပြဿနာ အကြောင်းကို ဖော်ပြထားတဲ့ ဇယားကို အောက်မှာ တွေ့နိုင်ပါတယ်။

၈။ စစ်ဆေး ပြီးတဲ့ အခါ diagnosis mode ကနေ ထွက်ဖို့ MODE ခလုတ် ကို နှိပ်ပါ။

၉။ ပုံမှန် အခြေအနေ normal mode ကိုပြန်ရောက်အောင် ON/OFF ခလုတ် ကို နှစ်ခါ နှိပ်ပါ။ ဘာမှ မလုပ်ပဲထားရင်လဲ စက္ကန့် ၆၀ လောက် ကြာတဲ့ အခါ ရီမု ကွန်ထရိုးကသူ့ဟာသူ ပုံမှန် အတိုင်း ပြန်ဖြစ်သွားမှာပါ။

Error Codes and Description of Fault

System

  • 00 ပုံမှန်
  • U0 refrigerant ဂတ်စ် အရည် နည်းနေပြီ
  • U2 ဗို့အား မမှန်။ မီးအား နည်း/များ နေပြီ
  • U4 အပြင်ယူနစ် နဲ့ အတွင်း ယူနစ် ကြား ဆက်သွယ်တဲ့ Signal ကြိုး ပြဿနာ
  • U7 အပြင်ယူနစ် ဆားကစ်ပြား ဆက်သွယ်ရေး Signal ပြဿနာ
  • UA အပြင်ယူနစ် နဲ့ အတွင်း ယူနစ် ကြား ဗို့အား မမှန်။
  • UH အခြား အခန်းက ရေ မခဲ အောင် လုပ်တဲ့ လုပ်ငန်း (Anti-icing function)


Indoor Unit

  • A1 အတွင်း ယူနစ် ဆားကစ်ပြား ပြဿနာ
  • A5 ခဲခြင်း၊ အပူလွန် ခြင်းမှ ကာကွယ်ခြင်း
  • A6 ပန်ကာ မော်တာနှင့် ဆက်စပ်သော ပြဿနာ
  • C4 အတွင်း အပူ ထိန်း (heat exchanger) ကိရိယာ၊ အပူချိန်တိုင်း ကိရိယာ တို့နှင့် ဆက်စပ်သော ပြဿနာ
  • C9 အခန်း အပူချိန်တိုင်း ကိရိယာ နှင့် ဆက်စပ်သော ပြဿနာ


Outdoor Unit

  • A5 ရေမခဲ အောင် လုပ်တဲ့ လုပ်ငန်း (Anti-icing function) ပြဿနာ
  • E1 အပြင် ယူနစ် ဆားကစ်ပြား ပြဿနာ
  • E5 ကွန်ပရက်စာ မနိုင်ဝန် ထမ်းခြင်း
  • E6 ကွန်ပရက်စာ ပိတ်သွားခြင်း (lock)
  • E7 DC ပန်ကာ ပိတ်သွားခြင်း (lock)
  • E8 အဝင် လျှပ်စစ် စီးဆင်းမှု လွန်ကဲခြင်း
  • EA လေးလမ်းသွား အဆို့ရှင် ပြဿနာ
  • F3 စွန့်ထုတ် ပိုက် အပူချိန်ထိန်း ပြဿနာ
  • F6 အအေးခံ ရာတွင် ဖိအား မြင့် အထိန်း ပြဿနာ
  • H0 ကွန်ပရက်စာ အာရုံခံ sensor စနစ် ပြဿနာ
  • H6 နေရာ အာရုံခံ စနစ် sensor ပြဿနာ
  • H8 CT နှင့် ဆက်စပ်သော ပြဿနာ
  • H9 အပြင် အပူချိန်တိုင်း ကိရိယာ နှင့် ဆက်စပ်သော ပြဿနာ
  • J3 စွန့်ထုတ် ပိုက် အပူချိန်တိုင်း ကိရိယာ နှင့် ဆက်စပ်သော ပြဿနာ
  • J6 အပြင် အပူ ထိန်း (heat exchanger) အပူချိန်တိုင်း ကိရိယာ နှင့် ဆက်စပ်သော ပြဿနာ
  • J8 အရည် ပိုက် အပူချိန်တိုင်း ကိရိယာ နှင့် ဆက်စပ်သော ပြဿနာ
  • J9 အငွေ့ ပိုက် အပူချိန်တိုင်း ကိရိယာ နှင့် ဆက်စပ်သော ပြဿနာ
  • L3 လျှပ်စစ် အိမ် အပူချိန် မြင့်တက်ခြင်း
  • L4 အပူဖြာ ဆူးတောင် အပူချိန် မြင့်တက်ခြင်း
  • L5 အထွက် လျှပ်စစ် စီးဆင်းမှု လွန်ကဲခြင်း
  • P4 အပူဖြာ ဆူးတောင်အပူချိန်တိုင်း ကိရိယာ နှင့် ဆက်စပ်သော ပြဿနာ


ကျွန်တော် တို့ရဲ့ ရီမု နဲ့ စစ်ကြည့်တော့ U4 လို့ ပြနေပါတယ်။ အပြင်ယူနစ် နဲ့ အတွင်း ယူနစ် ကြား ဆက်သွယ်မှု Signal ပြဿနာ ပေါ့။ အပြင်ယူနစ် ကပို့တာကို ကောင်းကောင်း မရတာ၊ ဒါမှမဟုတ် အပြင်ယူနစ် က ကောင်းကောင်း မပို့နိုင်တာပါ။ အဲဒီ လက်ကိုင်စာအုပ် မှာ ပြောထားတဲ့ ဖြစ်နိုင်တဲ့ ပြဿနာတွေက
၁။ အပြင် ယူနစ် ဆားကစ်ပြား ပြဿနာ
၂။ အတွင်း ယူနစ် ဆားကစ်ပြား ပြဿနာ
၃။ ဝါယာကြိုး ပြဿနာ
၄။ ပါဝါ ဆပ်ပလိုင်း မကောင်းတာ
၅။ အတွင်း ယူနစ် နဲ့ အပြင် ယူနစ် ဆက်ထားတဲ့ ဝါယာ နံပါတ် ၃ ပြတ်နေတာ တွေ ပါ။


အဲယားကွန်း ပြင်တဲ့သူတွေ အိမ်ကို ရောက်လာပြီး စစ်လိုက်တော့ အတွင်း ယူနစ် နဲ့ အပြင် ယူနစ် ဆက်ထားတဲ့ ဝါယာ နံပါတ် ၃ ပြတ်နေတာ ပါ။ ပြတ်တာက အပြင် ယူနစ် မှာ ဆက်ထားတဲ့ အဆက် နေရာမှာ ရေလေ တိုက်စားပြီးပြတ်တာပါ။ သူ့တို့ လှုပ်ပြလိုက်မှ နောက်ထပ် တစ်ခြား အတွင်း ယူနစ် တွေကို ဆက်ထားတဲ့ ဝါယာ နံပါတ် ၃ တွေပါ ပြတ်သွား သေးတယ်။ သူ့တို့က ဆက်ထားတဲ့ အိမ်ထဲ၊ အိမ်ပြင်က ဝါယာအားလုံး ဖြုတ်လဲရမယ်လို့ ပြောပါတယ်။ မလိုဘူး ထင်ပါတယ်။ ဝါယာ ထိပ်နားကို အခွံလေး နွာပြီး ပြန်ဆက် လိုက်တော့ OK သွားပါတယ်။ စိတ်ဝင်စားစရာ ကတော့ အတွင်း ယူနစ် တွေကို ဆက်ထားတဲ့ ဝါယာ အားလုံးမှာ နံပါတ် ၃ တွေပဲ တိုက်စား ခံရတာပါ။ ကြည့်ရတာတော့ အဲဒီ ဝါယာက DC ဗို့ကို သုံးပြီး electrode လို ဖြစ်သွားတယ် ထင်ပါတယ်။ နောက်ထပ် ပြန်ဖြစ် ဦးမယ့် ပုံပါပဲ။

၂၀၁၃ ဇွန် ၁၀ ဖြည့်စွက်ချက်

အဲကွန်းက အဲဒီကတည်းက ကောင်းသွားတာ အခုထက်ထိ ဘာပြဿနာမှ ပြန်မပေါ်သေးဘူး။ electrode ပြဿနာလည်း မဟုတ်လောက်ပြန်ဘူး။ အချို့သူတွေ ကွန်မန့်ပေးထားတာ ဒီစီ ဗို့မသုံးဘူးတဲ့။ ကွန်ထရက်တာ က အရည်အသွေးညံ့တဲ့ ဝါယာတွေ သုံးသွားလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်နေမှာ သူတို့က ဝါယာအားလုံး ပြန်လဲဖို့ လိုတယ်လို့ ပြောပြီး ပြန်လဲသွားတာ။

၂၀၁၄ ဖေဖော်ဝါရီ ၁၀ ဖြည့်စွက်ချက်

ဒီပြဿနာပဲ နောက် အတွင်းယူနစ် တစ်ခု မှာ ထပ်ဖြစ်ပါတယ်။ ဒီတစ်ခါတော့ အပြင်ယူနစ်ထဲက ဆားကစ်ဘုတ် ပျက်တယ်လို့ ဆိုပါတယ်။ ပြန်လဲချင်ရင် ဒေါ်လာ ၈၀၀ လောက်ကုန်မယ် လို့ပြောပါတယ်။

Reference:
Malfunction code chart
Service Manual